ပြည်မြို့က ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM လှုပ်ရှားမှုတွင် ပါဝင်လာ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ရဲတပ်ရင်း (၁၀) က-၂၈၈၈၅၆ ရဲတပ်သား စိုးသူဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစတင်ပြီး CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့က ပြည်ထဲရေး ပြည်သူတွေနဲ့ တသွေးတသားတည်း အတူနေထိုင်ရမှာ၊ ပြည်သူကို စောင့်ရှောက်ရမှာလို့ သင်ခဲ့ဖူးတာ၊ ပြည်သူတွေကို သတ်ဖို့မပါဘူးဗျာ။ စစ်အာဏာရှင်လက်အောက်က ဥပဒေဆိုတာ ကျနော်တို့ရဲ့ စည်းမျဉ်းနဲ့လည်း မညီသလို စတင်ပစ်ခတ်တဲ့နေ့ကစပြီး ကျနော်လည်း လက်ခံနိုင်စရာမရှိလို့ CDM လုပ်ခဲ့လိုက်တာပါ” လို့ ရဲတပ်သားစိုးသူက ပြောပါတယ်။
CDM လုပ်စက ဒေသခံမဟုတ်တာနဲ့ လုံခြုံတဲ့နေရာကို မရောက်သေးလို့ CDM ပြုလုပ်ခဲ့ကြောင်း မီဒီယာတွေနဲ့ မဆက်သွယ်ခဲ့တာလို့ သူကဆက်လက်ပြောပြပါတယ်။
ပြည်မြို့နယ် ရဲတပ်ရင်း ၁၀ က CDM ပြုလုပ်တဲ့ ရဲတပ်သား ၆ ဦးအထိရှိပြီး သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီး သတင်းမဖော်ပြတဲ့ ရဲတပ်သားတွေလည်း ရှိပါတယ်။