နေတိုးအဖွဲ့၏လှုပ်ရှားမှုကိုတုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခြင်းဖြစ်ဟု ရုရှားသမ္မတပူတင် ပြော

ဘဲလာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ မဟာမိတ်တွေရဲ့ နယ်စပ်နားမှာ နေတိုးအဖွဲ့ရဲ့ လှုပ်ရှားမှု တိုးလာတာကို တုံ့ပြန်ဖို့ လိုအပ်ချက်အရ လုပ်တာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဘဲလာရုစ်အစိုးရနဲ့အတူ စက်တင်ဘာ ၁၃ ရက်မှာ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။
ဇာပဒ် ၂၀၂၁ စစ်ရေးလေ့ကျင့်မှုကို ရုရှားနဲ့ ဆိုဗီယက်ခေတ်ဟောင်းက မိတ်ဖက် ဘဲလာရုစ်နိုင်ငံက နယ်မြေအသီးသီးမှာစက်တင်ဘာ ၁၆ ရက်နေ့အထိ ဆင်နွှဲမှာပါ။ တနင်္လာနေ့က လေ့ကျင့်ခန်းကတော့ ရန်သူတပ်တွေကို တန်ပြန်ခုခံမှု စတင်ရေးကို အာရုံစိုက်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အာတိတ်ဒေသ ရုရှားရဲ့ မြောက်ဘက် စစ်တိုင်းနဲ့ လေတပ်ဟာ နော်ဝေနိုင်ငံနဲ့ နယ်စပ်နားမှာ စစ်ရေး လေ့ကျင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း စစ်သည် အင်အား ၂ သိန်း၊ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၈၀ နဲ့ တင့်ကား အစီး ၃၀၀ နီးပါး ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ဒီသီတင်းပတ်နှောင်းပိုင်းထဲမှာ လွှတ်တော်ရွေးကောက်ပွဲတွေ မကျင်းပမီ စစ်ရေးလေ့ကျင့်နေလို့ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံကတော့ စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
တချို့ စစ်ရေးလေ့ကျင့်ကွင်းတွေက နေတိုးနယ်စပ်နဲ့ နီးကပ်နေလို့ ယူကရိန်းလို အိမ်နီးချင်း နိုင်ငံတွေအတွက် တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။