လူသားအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုကျုးလွန်ခြင်းမရှိ မရှိ ဖိလစ်ပိုင်သမ္မတကို ICC စစ်ဆေးမည်

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူဒါတေဦးဆောင်တဲ့ မူးယစ်စစ်ပွဲအောက်မှာ ကျူးလွန်ခံခဲ့ရတယ်လို့ စွပ်စွဲထားတဲ့ အမှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဟုတ် မဟုတ် ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး တရားဝင်စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က တရားသူကြီးတွေက စက်တင်ဘာ ၁၅ ရက်မှာ အတည်ပြု လိုက်ပါတယ်။
မူးယစ်စစ်ပွဲအတွင်း လူသတ်မှု အလားအလာတွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် စတင် စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတွေရဲ့ မေတ္တာရပ်ခံချက်ကို တရားသူကြီး တွေက အတည်ပြုလိုက်တယ်လို့ ICC က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဒူဒါတေရဲ့ မူးယစ်စစ်ပွဲဟာ ဥပဒေအာဏာတည်စေရေး တရားဝင် စစ်ဆင်ရေး လုပ်ဆောင်ချက်အဖြစ် ရှုမြင်လို့ မရနိုင်ဘဲ အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်မှု အသွင်ဆောင်နေတယ်လို့ အစိုးရရှေ့နေတွေက ပြောပြီး သက်ဆိုင်ရာပစ္စည်းတွေကို တရားသူကြီး တွေဆီ တင်ပြခဲ့တာပါ။
လူ့အခွင့်အရေး အုပ်စုတွေကလည်း ဒူဒါတေကို လူသေစေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် မီးထိုးသူအဖြစ် စွပ်စွဲကြပါတယ်။
ရဲတွေကတော့ စွဲချက်တွေကို ငြင်းပါတယ်။ သမ္မတ ဒူဒါတေကတော့ ရဲတွေ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ သက်သက်အတွက် သတ်ဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။
အိုင်စီစီကြေညာချက်နဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရက စက်တင်ဘာ ၁၅ ရက် နှောင်းပိုင်းအထိ တစုံတရာ မတုံ့ပြန်သေးပါဘူး။