မက္ကဆီကိုတွင် မွေးနေ့ ပါဆယ်ဗုံးပေါက်ပြီး လူ ၂ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ၊ ဆာလာမန်ကာမြို့က ဘားဆိုင်တဆိုင်မှာ မွေးနေ့လက်ဆောင် အထုပ်ပုံစံ ထုတ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေရောက်လာပြီး ပေါက်ကွဲခဲ့လို့ စက်တင်ဘာ ၁၉ ရက်က လူ ၂ ယောက် သေဆုံးတယ်လို့ ဒေသဆိုင်ရာသတင်းတွေမှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူနှစ်ဦးအနက် တဦးက စီးပွားရေးလုပ်ငန်းရှင်ပါ။ ခြံဝင်းကျယ်ထဲမှာ မွေးနေ့ပွဲ ကျင်းပနေတုန်း ဆိုင်ကယ်စီးလာတဲ့ လူတယောက်က ဖောက်ခွဲရေးပစ္စည်း ထည့်ထားတဲ့ ဘူးကို ချန်ထားခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ဘူးကို ဖွင့်ကြည့်ချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူတချို့ကို ဆေးရုံတင် ကုသပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့ လူစာရင်းကို အာဏာပိုင်တွေက မထုတ်ပြန်ပါဘူး။
တိုက်ခိုက်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေကိုလည်း အရာရှိတွေက စုံစမ်းစစ်ဆေးနေပါတယ်။