အမေရိကန်နယ်စပ်ရောက် ရွှေ့ပြောင်းနေထိုင်သူများကို မက္ကဆီကို ဖမ်းဆီး

မက္ကဆီကိုနယ်စပ်မြို့ ဗေရာခရုဇ်ရှိ အစွန်အဖျားမြို့ဖြစ်တဲ့ Las Choapas မှာ စက်တင်ဘာ ၉ ရက်က မက္ကဆီကို လူဝင်မှုကြီးကြပ်ရေးဌာန၊စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တို့ ဆောင်ရွက်တဲ့ စစ်ဆင်ရေးတခုမှာ အမေရိကအလယ်ပိုင်းနဲ့ကာရစ်ဘီယံကနေ အမေရိကန်နယ်စပ်မှာ ရွှေ့ပြောင်း နေထိုင်သူတွေကို ဖမ်းဆီးလိုက်ပါတယ်။
ရွှေ့ပြောင်းနေထိုင်ခြင်းဟာ ဝါရှင်တန်ရှိ အဆင့်မြင့်ဆွေးနွေးပွဲတွေမှာ ထိပ်တန်းကိစ္စ တရပ်ဖြစ်ပြီး မက္ကစီကိုတောင်ပိုင်းနဲ့ အမေရိကအလယ်ပိုင်းရှိ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဆက်လုပ်ဖို့ တာဝန်ရှိသူတွေက သဘောတူခဲ့ကြပါတယ်။
အမေရိကန်ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တွန်းအားပေးတဲ့ စီးပွားရေး အကြောင်းတရား တွေကို ကိုင်တွယ်ဖို့ ရည်ရွယ်တာပါ။
ဆွေးနွေးပွဲမစခင်မှာ လိုပက်ဇ်အိုဘရာဒိုက ပြောတာကတော့ မက္ကဆီကိုအရာရှိတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့လူ့အခွင့်အရေးအတွက် အပြည့်အ၀ အကြွင်းမဲ့ လေးစားမှုရှိပြီး ရွှေ့ပြောင်းနေထိုင်မှုနိုင်ငံရေးမှာ တိုးတက်ဖွံ့ဖြိုးမှုရဲ့အစဦးအဖြစ် ဝါရှင်တန်ရဲ့ ဆွေးနွေးချက်တွေကို ကြေညာပြောဆိုခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကတော့ မက္ကဆီကိုအစိုးရရဲ့နှိမ်နင်းမှုကြောင့် သူတို့ကို နိုင်ငံတောင်ပိုင်းမှာ အကျဉ်းသားတွေလို ထိန်းသိမ်းထားတယ်လို့ ကြာသပတေးနေ့မှာ ပြောပြပါတယ်။
ဗေရာခရုဇ်တောင်ပိုင်းက ကုတ်ဇာကိုးလ်ကော့စ်မြို့ရှိ ရွှေ့ပြောင်းတွေရဲ့ခိုလှုံရာစခန်းမှာ ဇနီးဖြစ်သူနဲ့ ကလေး ၂ ယောက်တို့နဲ့အတူ မြောက်ဖက်ကို ခရီးထွက်လာတဲ့ အသက် ၂၉ နှစ်အရွယ် ဟေတီ ရွှေ့ပြောင်းနေထိုင်သူ ဝီလ်ဆင်ဗားလော့စ် ပြောပြတာက သူ အမေရိကန်ပြည်ထောင်စုကို ရောက်ဖို့ ၅ ကြိမ် ကြိုးစားထားခဲ့ပြီး အာဏာပိုင်တွေကြောင့် မက္ကဆီကိုတောင်ပိုင်းကို ပြန် ပြန်ရောက်လာတာလို့ ရိုက်တာကို ပြောပါတယ်။
သူနဲ့သူ့ဇနီးကို နယ်စပ်ကိုခေါ်သွားဖို့ မက္ကဆီကန်ပီဆို ၅ သောင်းကျော် သုံးခဲ့ပြီး ပိုက်ဆံတွေ အလွဲသုံးစားလုပ်ခံရတဲ့အပြင် သူတို့ကိုလည်း နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ရှိ အဆင့်မြင့်ဆွေးနွေးပွဲရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေမှာတော့ မက္ကဆီကိုဟာ အမေရိကန်ပြည်ထောင်စုရဲ့ နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေးကို လျှော့ချကန့်သတ်ဖို့ ချက်ချင်းလုပ်ဆောင်ရမယ့်အဆင့်တွေအတွက် ဝါရှင်တန်က ဖိအားတွေ မြင့်တက်လာတာကို ရင်ဆိုင်နေရပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ မက္ကဆီကိုအစိုးရဟာ စစ်အင်အားကြီးမားတဲ့ အမျိုးသား အစောင့်တပ် တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေကို ချထားပြီး မိသားစုတွေနဲ့ကလေးငယ်တွေ ပါဝင်တဲ့အုပ်စု တွေကို ဟန့်တားပိတ်ဆို့ပြီး တခါတရံ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။