ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူလိုသည့်အသင်းများတွင် လီဗာပူး ပါဝင်လာ

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လီဗာပူး အသင်းလည်း ပါဝင်လာပါတယ်။
စပိန်သတင်း ဒီပို့တီဗိုရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်မယ့် နည်းလမ်းကို စတင်ရှာဖွေနေပြီလို့ ဆိုပါတယ်။
အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၇ ပွဲ ကစားရာမှာ ၆၈ ဂိုးအထိ သွင်းယူထားတာပါ။
သူ့ရဲ့စာချုပ်ပါလျော်ကြေးဟာ လာမယ့်နှစ် နွေရာသီမှာ ပေါင် ၇၇ သန်းသာ ရှိတော့မှာဖြစ်ပြီး ဥရောပထိပ်တန်းကလပ်တွေအတွက် အခက်အခဲ မရှိနိုင်တဲ့ ပြောင်း ရွှေ့ကြေးဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဘက်ကလည်း ဟာလန်းကို ဆက်ထိန်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာ သိရှိထားတယ်လို့ အသင်းအမှုဆောင်အရာရှိချုပ် ဂျိုအာချင်က ဝန်ခံထားပါတယ်။
ဒါပေမယ့် အသင်းမှာရှိတဲ့ ထိပ်တန်းကစားသမားတွေကို တက်နိုင်သမျှ ဆက်ထိန်းဖို့ ကြိုးပမ်းသွား မယ်လို့ ဒေါ့မွန်စီအီးအိုက ပြောထားပါတယ်။
ဟာလန်းကိုခေါ်ယူဖို့ လီဗာပူးအပြင် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတွေကလည်း စိတ်ဝင်စားဆဲဖြစ်ပါတယ်။