close

အမေရိကန် မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား ၁ ဦးဒဏ်ရာ ပြင်းထန်

အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မမ်ဖှစ္စ်မြို့က မူလတန်းကျောင်မှာ စက်တင်ဘာ ၃၀ ရက်အစောပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ယောက်ျားလေးတယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီးနောက် ပစ်ခတ်သူကျောင်းသားကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

တခြားထိခိုက်ဒဏ်ရာရသူမရှိကြောင်းနဲ့ သူငယ်တန်းကနေ ရှစ်တန်းအထိ တက်ရောက်ကြတဲ့ Cummings မူလတန်းကျောင်းမှာ မနက် ၉ နာရီ ၁၅ မိနစ်လောက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကျောင်းသားတွေကို အနီးအနားရှိဘုရားရှိခိုးကျောင်းတစ်ခုကို ပြောင်းရွှေ့ ပေးထားတယ်လို့ မန်းဖတ်စ် ရဲဌာနက ပြောကြားခဲ့ပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၁၃ နှစ်သာရှိသေးပြီး အနီးအနားရှိဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ လက်ထောက်ရဲချုပ် ဒွန်ခရိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဗီဒီယိုအထောက်အထားတွေအရ သေနတ်သမားဟာ ဒီကျောင်းကို တက်နေတဲ့ တခြား ကျောင်းသားတယောက် ဖြစ်ပုံရတယ်လို့လည်း ဆိုပါတယ်။ 

သေနတ်သမားလို့ သံသယရှိသူဟာ မော်တော်ယာဉ်တစီးနဲ့ ကျောင်းကနေ ထွက်ပြေးသွားပြီး နောက်ပိုင်း ရဲစခန်းကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ခုတော့ ထိန်းသိမ်းထားတယ်လို့လည်း လက်ထောက်ရဲချုပ်က ပြောဆိုပါတယ်။ 

ပစ်ခတ်သူနဲ့ ပစ်ခတ်ခံရသူ နှစ်ဦးဟာ ဘယ်သူဘယ်ဝါတွေဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ ဘာကြောင့်ပစ်ခတ်မှုဖြစ်ရတယ် ဆိုတာကို မှတ်ချက်ချဖို့ စောလွန်းသေးတယ်လို့လည်း ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up