ဆာလက်ကိုကျော်ဖြတ်ပြီး စီရော်နယ်ဒို ဆုရရှိသွားသည့်အပေါ် ဂယ်ရီလိုင်နီကာ ဝေဖန်

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို စီရော်နယ်ဒို ရရှိသွားတဲ့ အပေါ် အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာက ဝေဖန်လိုက်ပါတယ်။
ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၃ ဂိုးရခဲ့ပေမယ့် ဆာလက်က ဆုရဖို့ ပိုပြီးထိုက်တန်ကြောင်း ဂယ်ရီလိုင်နီကာက တွစ်တာကနေ မှတ်ချက်ပေးခဲ့တာပါ။
ဆာလက်ဟာ စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုက အံ့သြဖွယ်ရာကစားသမား ဖြစ်ပေမယ့် ဆာလက်ရဲ့ခြေစွမ်းကသာ တစ်လတာ အကောင်းဆုံးဆုနဲ့ ပိုပြီးထိုက်တန်တယ်လို့ လိုင်နီကာကဆိုပါတယ်။
တခြားပရိသတ်တချို့ကလည်း တွစ်တာကနေ ဆာလာရဲ့ ခြေစွမ်းက ပိုပြီး ကောင်းမွန်ကြောင်း မှတ်ချက်ရေးသားနေကြပါတယ်။
စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကိုတော့ အာဆင်နယ်နည်းပြ အာတီတာက ရရှိခဲ့ ပါတယ်။