close

ချက်သမ္မတနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံအင်အားစု အနိုင်ရ

ချက်သမ္မတနိုင်ငံက လက်ယာယိမ်း အတိုက်အခံအုပ်စု Together ဟာ ဝန်ကြီးချုပ် အန်ဒရေ ဘာဘစ်ရှ်ရဲ့ ANO ပါတီကို အောက်တိုဘာ ၉ ရက်က လွှတ်တော်ရွေးကောက်ပွဲမှာ အံ့အားသင့်စရာ အနိုင်ရခဲ့ပြီး လွှတ်တော်အမတ်နေရာ အများစုကို ရထားတဲ့ သူတွေနဲ့ မဟာမိတ်ဖွဲ့ကာ အစိုးရသစ် ဖွဲ့ဖို့ ကတိပြုလိုက်ပါတယ်။

Together နဲ့ တခြား အတိုက်အခံအုပ်စုတွေဟာ အောက်လွှတ်တော် အမတ်နေရာ ၂၀၀ အနက်က နေရာ ၁၀၈ နေရာကို အနိုင်ရခဲ့တယ်လို့  မနေ့က အပြီးသတ်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ရလဒ်အရ သိရပါတယ်။

မဲရလဒ်အရ အတိုက်အခံ  Together အုပ်စုက ၂၇ ဒသမ၇၉ ရာခိုင်နှုန်း ၊ ဝန်ကြီးချုပ်ရဲ့ ANO ပါတီက ၂၇ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီး ရထားပါတယ်။ 

အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချုပ် ဘာဘစ်ရှ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း တလွဲစီမံခန့်ခွဲခဲ့တယ်၊ အကြွေးတွေ အမြန်တက်လာအောင် လုပ်ခဲ့တယ်၊ ရုံးထဲမှာ ကိုယ်ကျိုးစီးပွားကို ဦးစားပေးခဲ့တယ်လို့ မဲဆွယ်ချိန်အတွင်း စွပ်စွဲခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ကတော့ စွဲချက် အားလုံးကို ငြင်းခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ဟာ နိုင်ငံရေးလောကကို မဝင်ခင်က သူ့ရဲ့ စီးပွားရေးအင်ပါယာနဲ့ ပတ်သက်ပြီး အကျိုးစီးပွား ပဋိပက္ခရှိနေတာကို လက်မခံနိုင်ဘူးလို့ ပြောရင်း ညွန့်ပေါင်းအုပ်စုက ဝန်ကြီးချုပ်နဲ့ လက်တွဲဖို့ ငြင်းခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ညွန့်ပေါင်းမိတ်ဖက် လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တွေကလည်း လွှတ်တော်ထဲ ကနေ ထွက်သွားခဲ့ပါတယ်။ အခုရွေးကောက်ပွဲ ရလဒ်ဟာ ဝန်ကြီးချုပ်ရဲ့ မဟာမိတ် သမ္မတ မီလော့ရှ် ဇေးမန်းအတွက်ထိုးနှက်ချက် ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်ဟာ သမ္မတနဲ့ အောက်တိုဘာ ၁၀ က်နဲ့ ၁၃ရက်တွေမှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up