close

မယ်လဒုက္ခသည်စခန်းတွင် ရုတ်တရက်ရေကြီးပြီး လူနေအိမ်အချို့ ရေဝင်

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၁၁ ရက် မနက်က  မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။ 

ဒီမနက်စောပိုင်း ၄ နာရီခွဲလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်း  တောင်ကျချောင်းရေကြောင့် မနက်ပိုင်းမှာ ရေကြီးရေလျှံပြီး လူနေရပ်ကွက်တချို့မှာ ရေဝင်မှုတွေ ဖြစ်ပွားခဲ့တာပါ။ 

ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်း တင်ပြလာတာမရှိသေးကြောင်းနဲ့ အခု နေ့လယ်ပိုင်းမှာတော့ ရေတဖြည်းဖြည်းချင်း ပြန်ကျနေပြီလို့ မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌက ပြောပါတယ်။

“မနက်မိုးမလင်းခင်မှာ ၂ နာရီနီးပါးလောက် မိုးသည်းထန်ရွာပြီး ရေက မယ်လချောင်းကူးတဲ့ တံတားပါ ကျော်သွားတယ်။ တောင်ကျရေကြောင့်ပေါ့။ ကျမ်းစာသင်ကျောင်းဝန်းကျင်နားတဝိုက် ရပ်ကွက်တွေမှာ‌တော့ ရေဝင်ကုန်တာပေါ့။ လောလောဆယ်အထိတော့ ထိခိုက်ပျက်စီးတာ မကြားရသေးဘူး။ တင်ပြလာတာလည်း မရှိသေးဘူ။”

မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စန်းတွေထဲက အကြီးဆုံးစခန်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up