အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံပွဲပျက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဧရာဝဏ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီတချို့ အောက်တိုဘာ ၁၂ ရက် ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပွဲ အစီအစဉ်ပျက်သွားတယ်လို့ သတင်းရရှိပါတယ်။
ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ မူလက တွေ့ဆုံဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတာဖြစ်ပြီး ဒီတွေ့ဆုံပွဲ ပွဲဘာကြောင့်ပျက်သွားလဲ မသိရသေးပါဘူး။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို မနေ့က ရောက်ရှိနေတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဆုံရဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။