ဖိလစ်ပိုင်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး၊ ၁၁ ဦး ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံကုန်းတွင်းပိုင်းကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ကွန်ပါဆူ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရေကြီး မြေပြိုခဲ့တဲ့အတွက် အောက်တိုဘာ ၁၂ ရက်အထိ လူ ၉ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ပျောက်နေတယ်လို့ အမျိုးသားကပ်ဘေးအေဂျင်စီက ပြောပါတယ်။
မုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီ ၆၂ မိုင်နဲ့ တိုက်ခတ်ခဲ့ပြီး လူ ၁၆၀၀ နီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
“မြောက်ပိုင်း ဘန်ဂက်ပြည်နယ်မှာ မြေပြိုလို့ လူ ၄ ယောက် သေဆုံးပြီး အနောက်တောင်ဘက်က ပါလာဝမ် ကျွန်းပေါ်မှာ ရုတ်တရက် ရေကြီးလို့ လူ ၅ ယောက် သေဆုံးတယ်။ ဒေသခံအဖွဲ့တွေ ဆီက သတင်းအချက်အလက်တွေကို စိစစ်နေတယ်” လို့ ကပ်ဘေးအေဂျင်စီက ပြောပါတယ်။
မြေပြိုအပြီး ပျောက်ဆုံးနေသူတွေကို အာဏာပိုင်တွေက ဆက်ပြီး ရှာဖွေကယ်ဆယ်နေပါတယ်။ ရေနဲ့ လျှပ်စစ်မီး ပြန်ဖြန့်ဖြူးနိုင်ရေးနဲ့ လမ်းတွေ ရှင်းလင်းရေးအတွက် ကယ်ဆယ်ရေးအရာရှိတွေ က စီစဉ်နေတယ်လို့ သမ္မတပြောခွင့်ရက ပြောပါတယ်။
ကိုပါဆူ မုန်တိုင်းဟာ ဒီနှစ်အတွက် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ၁၃ လုံးမြောက် မုန်တိုင်းဖြစ်ပြီး အင်္ဂါနေ့မှာ ဖိလစ်ပိုင်ပိုင်နက်ထဲကနေ မုန်တိုင်းထွက်ခွာသွားဖို့ မျှော်လင့်တယ်လို့ အစိုးရ မိုးလေဝသ အေဂျင်စီက ပြောထားပါတယ်။