close

ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ တူမီးသေနတ် ၂၅ လက်ဖြင့် ထီးလင်း PDF ထံ အလင်းဝင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ ဟာ တူမီးသေနတ် ၂၅ လက် အပ်နှံ အလင်းဝင်ခဲ့တယ်လို့ ထီးလင်း YDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဇီးတောကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၃၀ ဟာ လက်လုပ်တူမီးသေနတ် ၂၄ လက်နဲ့ ထိန်တိုင်းရွာက တူမီးသေနတ် ၁ လက်တို့နဲ့အတူ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က ထီလင်း YDF တပ်ဖွဲ့ဆီ လာရောက်အပ်နှံခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်မယ်ဆိုပြီး ကတိပြုခဲ့ကြတယ်လို့ ထီးလင်း YDF ခေါင်းဆောင်က ပြောပါတယ်။

ပထမအကြိမ် တူမီးသေနတ် အလက် ၂၀ သိမ်းဆည်းလိုက်တဲ့အချိန်မှာ ပျူစောထီးအဖွဲ့တွေ ဟာ စစ်ကောင်စီကို အကြောင်းကြားပေမယ့် စစ်ကောင်စီဘက်က လုံခြုံမှုမပေးတာကြောင့် ခိုကိုးရာမဲ့သွားပြီး လက်နက်တွေနဲ့အတူ YDFတပ်ဖွဲ့ဆီ အလင်းဝင်လာကြတာလို့ ဆိုပါတယ်။

ထီးလင်း-ဝါးရင်းချိုင် ကားလမ်းမှာလည်း အောက်တိုဘာ ၇ ရက်က အကြမ်းဖက် စစ်အုပ်စုကို YDF(ထီးလင်း)က မိုင်းဆွဲတိုက်ခိုက်ရာမှာ ရဲအရာရှိတစ်ယောက်အပါဝင် ရဲ ၄ ယောက်အပြင်းထန် ဒဏ်ရာရသွားပါတယ်။

စစ်ကောင်စီတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ထီးလင်းမြို့နယ်ထဲက မိဘပြည်သူတွေ အနေနဲ့ ထီးလင်း-ဂန့်ဂေါ လမ်းပိုင်းကို YDF တပ်ဖွဲ့ကို အသိမပေးဘဲ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Photo- Yaw Defense Force(YDF)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up