close

မင်းလှမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊  ထောက်ကြံကွင်းကျေးရွာမှာ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အောက်တိုဘာ ၂၉ ရက် မနက် ၄ နာရီခွဲလောက်က  ဗုံးခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာဒေသခံတဦးက ''ပေါက်ကွဲသံက သိပ်တော့မကျယ်ဘူး။ ပြီးတော့ မီးလောင်နေတာမြင်ရတာပဲ။ မိုင်တဲဖုန်းလိုင်းလည်းပြတ်သွားတယ်''လို့ ဒေသခံတဦးက အတည်ပြုပြောပြပါတယ်။

''အခု ထောက်ကြံ့ကွင်း Mytel တာဝါတိုင်ကို အဝေးထိန်း အပျော့စားမိုင်းနဲ့ ဖောက်ခွဲလိုက်တာပါ'' လို့ M-PDF တာဝန်ခံက အတည်ပြုပြောပြပါတယ်။

မင်းလှမြို့နယ်မှာ Mytel တာဝါတိုင်ကို ဒုတိယအကြိမ်ဖျက်ဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် နေ့ကလည်း အုန်းနှဲချောင်းကျေးရွာက Mytel တာဝါတိုင်ကို ဖျက်ဆီးခဲ့တယ်လို့  မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M-PDF) ဆီက သိရပါတယ်။

နိုင်ငံနဲ့တဝန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု စီးပွားရေးဆက်နွှယ်နေတဲ့ Mytel ကုမ္ပဏီရဲ့ တာဝါတိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရတယ်လို့  မှတ်တမ်းပြုလုပ်ထားသူတွေထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up