close

လုံခြုံရေးမဟာမိတ်အဖွဲ့ထံမှ နျူလက်နက်ရရန် မကြိုးစားဟု ဩစတြေးလျဝန်ကြီးချုပ် ပြော

ဩစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်သုံးနိုင်ငံ လုံခြုံရေးမဟာမိတ်အဖွဲ့ဟာ လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်သလို နျူကလီးယား လက်နက်တွေရဖို့ အားထုတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က အာဆီယံ ခေါင်းဆောင်တွေကို အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အွန်လိုင်းထိပ်သီးညီလာခံအတွင်း ပြောလိုက်တာပါ။

အရင်လက သဘောတူထားတဲ့ သုံးနိုင်ငံ မဟာမိတ်အဖွဲ့အောက်မှာ ဩစတြေးလျဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစီးကို ပိုင်နိုင်မှာဖြစ်လို့ အရှေ့တောင် အာရှဒေသတွင်း လက်နက်ပြိုင်ပွဲ ပုံပေါ်လာမှာ စိုးရိမ်နေကြပါတယ်။

နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်ကြောင့် ဒေသတွင်း အပြိုင်အဆိုင် ဖြစ်လာမှာ စိုးရိမ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကပြောခဲ့ကြောင်း သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောပါတယ်။

ဖိလစ်ပိုင်ကတော့ သုံးနိုင်ငံ လုံခြုံရေးအဖွဲ့ အောကတ်စ်ကို ကျောထောက်နောက်ခံပေးပေမယ့် သူ့သမ္မတ ရိုဒရီဂို ဒူဒါတေက ပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ထုံးလုပ်နည်း မရှုပ်ထွေးရဘဲ အကောင်အထည် ဖော်ရမယ်လို့ ပြောပါတယ်။

မောရစ်ဆင်ကတော့ အားလုံးပါဝင်တဲ့ ဗျူဟာမြောက်မိတ်ဖက် (CSP)အဆင့်ထိ ဆက်ဆံရေး အားဖြည့်ဖို့ အဆိုပြုခဲ့ပါတယ်။

တကယ်လို့ အကောင်အထည်ပေါ်ခဲ့ရင် ဩစတြေးလျဟာ အာဆီယံ နဲ့ (CSP) သဘောတူညီချက် ရတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up