close

စစ်ကောင်စီတပ်ရင်းမှူးကျဆုံးသွားသဖြင့် စိတ်မချမ်းမြေ့ဖြစ် ဝမ်းနည်းကြေကွဲဟု ပဒိုစောရွှေမောင်းပြော

ဓာတ်ပုံ - KIC

စစ်ကောင်စီတပ်ရင်း ၂၈၃ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သာဝင်းထွန်းနဲ့ အတူ အရာရှိ အရာခံ စစ်သည် ၇ ဦး ပစ်ခတ်တိုက်ခံရပြီး ကျဆုံး သွားကြောင်း သိရှိရတဲ့အတွက် လွန်စွာ စိတ်မချမ်းမြေ့ဖြစ်ရတဲ့အကြောင်း ကေအန်ယူ ဒူးပလာယခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက  ပြောပါတယ်။ 

အောက်တိုဘာ  ၂၅ ရက်နေ့ရက်စွဲနဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်ခဲ့တာဖြစ်ဖြစ်ပြီး  အဆိုပါ ဒုဗိုလ်မှူးကြီး ပစ်ခတ်ခံရတဲ့နေရာဟာ ကေအန်ယူနဲ့ တပ်မတော်နှစ်ဖက်တွေ သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ကြောင်း ကေအန်ယူနဲ့ အစိုးရတပ်တို့ဟာ ပစ်ခတ်တိုက်မှုမပြုဖို့ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ပါရှိပါတယ်။ 

ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မဖြစ်သင့်ဘဲ ဖြစ်ပေါ်လာရပြီး  သေကျေသွားတဲ့အခါ လွန်စွာ ဝမ်းနည်းကြေကွဲဖွယ်ရာတွေဖြစ်ကြောင်းလည်း အဆိုပါ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာမှာ အောက်တိုဘာ ၂၀ ရက် နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်ကို KNLA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တာလို့ ကေအန်ယူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

အဆိုပါနေ့မှာပဲ ကေအန်ယူ ထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် ခုံခံကျေးရွာအနီးမှာ ခလရ-၂၈၃ တပ်ရင်းက  နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် KNLA  တပ်ရင်း ၁၆ တပ်ခွဲ ၂ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ က သတင်းထုတ်ပြန်ထားပါတယ်။

ပဒိုစောရွှေမောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သူ့ရဲ့နယ်မြေထဲမှာ မလှုပ်ရှားကြဖို့ စာထုတ်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းဖို့လည်း တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up