close

နွားထိုးကြီးမြို့နယ်တွင် ဒလန်ဆိုပြီးနာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာမှာ အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းက စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီ သတင်းပေး ခိုင်ဦးဆိုသူဟာ သေနတ်နဲ့ ၇ ချက် ပစ်ခံရတာကြောင့် နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ခိုင်ဦးက ရာအိမ်မှူး စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတယ်။ မြင်းခြံ-မန္တလေး ကားလမ်းပေါ်မှာ အမည်မသိလူနှစ်ဦးက သေနတ်နဲ့ ၇ ချက်ပစ်သွားတာ ပွဲချင်းပြီးသေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နွားထိုးကြီးမြိုနယ် လျှော်ဖြူရွာက ဒလန်အကြီးစား ခိုင်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး သွေးကြွေးဆပ်ခဲ့တာလို့ Natogyi People  Defence Force (NPDF) ကလည်း ထုတ်ပြန်ထားပါတယ်။

နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး စက်တင်ဘာ ၂၁ ရက်က  သောက်စားမူးယစ်ကာ ရမ်းကားပစ်ခတ်မှုကြောင့် နေအိမ်အတွင်း အိပ်နေတဲ့ အသက် ငါးနှစ်အောက် ကလေးငယ်အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up