ရိုမေးနီးယား တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ယူအက်စ်အိုးပင်းချန်ပီယံ အမ်မာရာဒူကာနူ ရှုံးနိမ့်

ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ထရန်ဆဲလ်မေးနီးယားအိုးပင်း အမျိုးသမီး တဦးချင်းတင်းနစ်ပြိုင်ပွဲ ကွာတားအဆင့်မှာ ယူကရိန်းတင်းနစ် အကျော်အမော် မာတာကော့စ်ယွတ် ယူအက်စ်အိုးပင်း ချန်ပီယံ အမ်မာရာဒူကာနူကို အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပြီး ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ပွဲမှာ ယူကရိန်းသူ ကော့စ်ယွတ်က ၆-၂ ၊ ၆-၁ နဲ့ အနိုင်ရလိုက်တာပါ။
ပင်မအားကစားကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ နောက်ထပ် ကွာတားအဆင့် ပြိုင်ပွဲမှာ ရိုမေးနီးယား တင်းနစ်မယ် ဆိုင်မွန်နာဟာလက်ပ်နဲ့ အက်စတိုးနီးယားသူ အန်းနက်ခွန်တာဗီရက်တို့ အနိုင်ရသွားကြပါတယ်။
ဆီမီးအဆင့်မှာ ပွဲဦးထွက်အနေနဲ့ အက်စတိုးနီးယား တင်းနစ်မယ် ခွန်တာဗီရက်နဲ့ ဆွီဒင်က ရေဘက်ကာပီတာဆန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။