close

စစ်ကိုင်းနှင့် မကွေးဒေသရှိ PDF တပ်များအတွက် ငွေကျပ်သိန်း ၂၂၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်စွဲကိုင် တော်လှန်နေကြတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့အတွက် ငွေကျပ်သိန်း ၂၂၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါဟာ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်း သားသမဂ္ဂတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၆ ရက် နေ့အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်မုန့်ဖိုးကမ်ပိန်းက ရရှိတဲ့ အလှူငွေတွေကို ခွဲဝေ ထောက်ပံ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် PayPal က ရရှိတဲ့ ထောက်ပံ့ငွေတွေနဲ့ ကျန်ရှိငွေအစွန်းထွက်တွေကိုလည်း ပြည် တွင်းကို လွှဲပြောင်းပြီးတာနဲ့ တပြိုင်နက်တည်း ပေးပို့ပေးသွားမှာဖြစ်ကာ ပါဝင်ပေးခဲ့ကြ တဲ့ ထောက်ပံ့ရေးတပ်သားတွေနဲ့အတူ ဆက်လက်ပြီးတော့ အကြမ်းဖက်စစ်တပ်ကို အ မြစ်ဖြတ်ဖို့ တတ်နိုင်သလောက် ထောက်ပံ့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လ တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေ တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အ ရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၂၂၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၅၀၀ နီးပါး ရှိနေ တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up