ရှရွတ်ခန်း၏ သား ထောင်မှလွတ်မြောက်

ကမ္ဘာကျော်ဘောလိဝုဒ်သရုပ်ဆောင် ရှရွတ်ခန်းရဲ့ သားဖြစ်သူ အာရ်ယန်ခန်းဟာ မွမ်ဘိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှု တခုမှာ အာမခံရရှိပြီးနောက် အောက်တိုဘာ ၃၀ ရက်မှာ ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။
နိုင်ငံတဝန်း ထောင်နဲ့ချီတဲ့ ပရိသတ်တွေရဲ့ အနီးကပ် ဝန်းရံဖေးမခဲ့ကြတဲ့ ဒီအမှုမှာ အာရ်ယန်ခန်းအပါအဝင် စွပ်စွဲခံရသူ သုံးဦးကို အိန္ဒိယတရားရုံးက အောက်တိုဘာ ၂၈ ရက် မှာ အာမခံပေးခဲ့ပါတယ်။
အခုလအစောပိုင်းက ရဲတပ်ဖွဲ့က မွမ်ဘိုင်းမှ သင်္ဘောတစ်စင်းကို ဝင်ရောက်စီးနင်းပြီး တားမြစ်ဆေးတွေ တွေ့ရှိပြီးနောက်မှာ အာရ်ယန်ခန်းနဲ့ တခြားနှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ထိပ်တန်းအိန္ဒိယသရုပ်ဆောင်တွေနဲ့ တီဗီစတား အမြောက်အမြားလည်း မနှစ်ကတည်းက မူးယစ်ဆေးဝါးအရာရှိတွေဆီမှာ စစ်ဆေးမေးမြန်းခံနေရတာပါ။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ထိပ်တန်းအမျိုးသမီးသရုပ်ဆောင် အများအပြားကို NCB မှ စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုက ဘယ်လောက်တိုးတက်ခဲ့တယ်ဆိုတာတော့ မသိရ သေးပါဘူး။