close

“လုံးဝအုပ်ချုပ်ခွင့်မရစေရ”ကြွေးကြော်သံဖြင့် လူထုတရပ်လုံးဆက်လက်တော်လှန်ကြရန် နှိုးဆော်

“လုံးဝအုပ်ချုပ်ခွင့်မရစေရ”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်သူလူထုတရပ်လုံးက  တောထဲ၊ တောင်ထဲကရဲဘော်တွေ၊ မြို့ပြလမ်းမတွေပေါ်က ရဲဘော်တွေနဲ့ တသားတည်း ရှိကြောင်း၊ အတူတကွတိုက်ပွဲဝင်ကြောင်းကိုပြသပြီး ဆက်လက်တော်လှန်ကြဖို့  တကသများ-ရန်ကုန်က နှိုးဆော် ထားပါတယ်။

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က စတင်ကိုင် စွဲကြွေးကြော်ခဲ့တဲ့ ဒီကြွေးကြော်သံဟာ ဖိနှိပ်ခံဒေသအသီးသီးမှာ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး အခုအချိန်ကာလတိုင် ထွက်ပေါ်နေဆဲလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအတွက် တော်လှန်ရေးရဲဘော်တွေ တောထဲ၊ တောင်ထဲ ပြင် ဆင်နေကြတဲ့အချိန်မှာ ပြည်သူလူထုကြီးတရပ်လုံးဟာ ဒီကြွေးကြော်သံကို ကိုင်စွဲထားကြ ဖို့ လိုပြီး တစတစနဲ့ ဝါးမြိုလာနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်တံတွေကြားထဲကို မရောက်သွားဖို့၊ အာဏာသိမ်းစစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့်မပေးဖို့ လိုအပ်နေတာ ဖြစ်ပါ တယ်။

ဒါ့အပြင် အရှေ့ကာလတွေမှာ တောက်လျှောက် လှုံ့ဆော်လာခဲ့တဲ့ အခွန်မဆောင်ဖို့၊ မီ တာမဆောင်ဖို့၊ ကျောင်းမတက်ဖို့၊ စစ်တပ်ရဲ့စီးပွားရေးထုတ်ကုန်မှန်သမျှကို သပိတ် မှောက်ဖို့၊ အမိန့်တိုင်း၊ ညွှန်ကြားချက်တိုင်းကို ဖီဆန်ဖို့ စတဲ့ 'ဘူး' သပိတ်တွေဟာလည်း လက်နက်မဲ့ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ရင်ဝကိုဖြတ်ကန်နိုင်တဲ့ အင်အားတွေဖြစ် တယ်လို့ ဆိုပါတယ်။

လူထုလှုပ်ရှားတွေဟာလည်း မီးမသေဖို့လိုအပ်လာတဲ့အပြင် စစ်အုပ်စုကို အပြင်းထန်ဆုံး ဆန့်ကျင်ဖီဆန်တော်လှန်ပြီး လမ်းမတွေပေါ် ထွက်လာကြတဲ့ လူငယ်တွေ၊ ကျောင်းသား တွေကိုလည်း ပြည်သူလူထုအနေနဲ့ ကူညီအားပေးဖို့၊ ပူးပေါင်းဖို့လည်း တိုက်တွန်းထားပါ တယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူမှုကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေ ဦးတော်လှန်ရေးကာလဟာ ၉ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး ပြည်သူတွေဟာ အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်မှာ  ကြေညာထားပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင် နိုင်တဲ့အချိန်အထိ သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up