close

ကနီမြို့နယ် ရေလယ်ကျွန်းရွာအနီး တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ ရေလယ်ကျွန်းရွာနားမှာ  နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ခင်း ကနီကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်က ကောင်တွေဗျ။ ကျနော်တို့အဖွဲ့တွေကို သူတိုက အရင်စပစ်တာနဲ့ အခုလို တိုက်ပွဲဖြစ်ရတာ။ တိုက်ပွဲကတော့သိပ် မကြာလိုက်ဘူး။  သူပစ်၊ ကိုယ်ပစ်ခဏလေးပဲဗျ။ ကျနော်အဖွဲ့ဘက်က အထိခိုက်၊အကျဆုံး မရှိဘူး။ သူတို့ဘက်ကတော့ တစ်ဦး ကျတယ်”လို့ ကနီမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်အတွင်း အခုနိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တစ်ဦးသေကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦး ကျော်ရှိနေပါတယ်။ 

နိုဝင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ ကျေးရွာနားနဲ့ ကနီမြို့နယ် တောင်ဘက်ကို ကင်းလှည့်တာနေတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up