close

အလုံတပ်မြို့ ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ မပေးသူများကို ဒဏ်ငွေရိုက်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အလုံတပ်မြို့က ကျေးရွာအချို့မှာ နိုဝင်ဘာ ၂၂ ရက်ကစပြီး မီတာရှိတဲ့အိမ်တိုင်း ငွေကျပ် ၅ သောင်းပေးသွင်းဖို့နဲ့ မပေးသွင်းပါက တရက်ကို ၅ ထောင်ကျပ်နှုန်း ဒဏ်ငွေရိုက် ဖမ်းဆီးမယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလုံတပ်မြို့ အနောက်မြောက်တိုင်း စစ်တပ်အနီးအနားက ကံကြီးကျေးရွာ၊ ညောင်ခြေထောက်ရပ်၊ ရေအိုးစဉ် ကျေးရွာတွေမှာ စစ်တပ်လုံခြုံရေးအပြည့်နဲ့ နိုဝင်ဘာ ၈ ရက်ကစတင်ပြီ လျှပ်စစ်ဌာန ဝန်ထမ်းအချို့က  လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ 

ဒေသခံတစ်ဦးက “မနေ့က ကျနော်တို့ရွာကို လျှပ်စစ်ဌာနက ဝန်ထမ်းအချို့နဲ့ စစ်သား၊ ရဲအယောက် ၂၀ လောက်ရောက်လာတယ်။ ပထမ မီတာဖတ်တာထင်နေတာ။ မီတာမဖတ်ဘူးဗျ။ မီတာရှိတဲ့အိမ်တွေကို အခု နိုဝင်ဘာလ ၂၂ ရက်နေ့ မီတာရှိတဲ့သူတိုင်း ငွေ ၅၀၀၀၀ မဖြစ်မနေသွင်းကြဖို့၊ တစ်ကယ်လို့ မသွင်းဘူးဆိုရင် တစ်ရက်ကို ၅၀၀၀ ဒဏ်ရိုက်မယ်။ အဲလိုမ မရဘူးဆိုရင် ဥပဒေအရဖမ်းမယ်လို့ပြောတယ်။ ကျနော်တို့ ရွာကလူတွေကတော့ အကုန်လုံး ကြောက်နေကြတယ်” လို့ ကံကြီးကျေးရွာက ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလိုတောင်းခံလာမှုအပေါ် နယ်မြေခံဒေသကာကွယ်ရေး တပ်အင်အားစု‌တွေအနေနဲ့ အပြစ်မဲ့ ပြည်သူလူထုကို စိတ်ဆင်းရဲအောင် ခြိမ်းခြောက်ငွေတောင်းရမ်းတာကို လက်ပိုက်ကြည့်မနေဘဲ့  စစ်ကောင်စီရဲ့လက်အောက်ခံတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေး Monywa Heroes Group တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up