close

လှိုင်သာယာနှင့်အင်းစိန်၌ မီတာမဆောင်သည့် အိမ်များကို စစ်ကောင်စီက မီးလိုက်ဖြတ်နေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တိုက မီတာမဆောင်တဲ့ နေအိမ်တွေကို  စစ်ကောင်စီ အရပ်ဝတ်အင်အားအများအပြားက နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းကစတင်ပြီး မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အင်းစိန်၊ ပေါက်တောဝ၊ မုဒိတာအိမ်ရာတွေမှာ၊ ဒီနေ့ တစ်မနက်လုံး အင်အားအလုံးအရင်းနဲ့ မီးလိုက်ဖြတ်နေကြတာ၊ အကုန်လုံး အရပ်ဝတ်တွေနဲ့ပဲ အင်အား ၅၀ လောက်ရှိမယ်။ အခန်း ၄၀၀ ကျော်လောက် ဖြတ်ခံလိုက်ရတယ် ​ကြားတယ်။ မီတာမဆောင်တာချင်းအတူတူ တချို့အိမ်တွေ ကြတော့ မဖြတ်ဘူး၊ မီးဖြတ်မခံရတဲ့အခန်းတွေက မီတာဆောင်နေကြတာလားဆိုပြီး သံသယ တွေနဲ့ အချင်းချင်းစိတ်ဝမ်းကွဲနေကြတာပေါ့၊ အများစုကတော့ မီတာကြေး မဆောင်ဘဲ နေကြတာ။  ခုလာဖြတ်လည်း မဆောင်ဘူးပဲ၊ ဟိုကောင်တွေက အချင်းချင်းသွေးကွဲစေချင်လို့ လုပ်တယ် ထင်ပါတယ်” လို့ အင်းစိန် ဒေသခံတစ်ဦးက ပြောပါတယ်။

လှိုင်သာယာ၊ နဝဒေးအိမ်ယာမှာလည်း ဒီနေ့မနက်ပိုင်း အရပ်ဝတ်တွေနဲ့ပဲ မီးလိုက်ဖြတ်နေ တာ အိမ်ခြေ ၅၀၀ လောက် မီးဖြတ်ခံလိုက်ရတယ်လို့ အိမ်ရာနားနေသူတစ်ဦးကပြောပါတယ်။

လှိုင်သာယာမြို့နယ်တွင်းက အချို့ရပ်ကွက်မှာတော့ မီတာလိုက်ဖတ်ရတာအဆင်မပြေလို့၊ ရုံးကသာ ထိုင်ဖတ်တော့မည်ဆိုကာ ဒစ်ဂျစ်တယ်မီတာတွေကို EPC ဝန်ထမ်းများနဲ့  Light Power ကုမ္မဏီကဝန်ထမ်းတွေ လိုက်လဲပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အိမ်ကမီတာမဆောင်တာအတော် ကြာပြီ။ သူတို့ကို မီးလာဖြတ်တယ်ပဲထင်တာ၊ ဒါပေမယ့်မီတာမဆောင်ရင် မီးအော်တိုပြတ်သွားအောင် ဒစ်ဂျစ်တယ်မီတာ လာလဲတာတဲ့။ ဆောင်တဲ့အိမ်ရော မဆောင်တဲ့ အိမ်ရော အကုန်လဲပေးတာ၊ တစ်မြို့လုံးလဲမှာလို့ ပြောတယ်။ သူတို့ လဲလဲ မလဲလဲပါ၊ ပြည်သူ့အစိုးရတက်မှ မီတာဆောင်မယ်” လို့ လှိုင်သာယာမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up