မဟာဗျူဟာမြောက် ရုရှားဗုံးကြဲလေယာဉ် ၂ စီး ဘဲလာရုစ်နိုင်ငံပေါ်ဖြတ်ပျံ

ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲယာဉ် ၂ စီးဟာ ဘဲလာရုစ်နိုင်ငံပေါ်ကနေ ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပြီး လေယာဉ်တွေ ပျံဝဲနေပုံ ရုပ်သံကိုလည်း ထုတ်လွှင့် ဖြန့်ချိလိုက်ပါတယ်။
Tu-22M3 ဗုံးကြဲယာဉ် ၂ စီးဟာ ဘဲလာရုစ်နဲ့ ရုရှားပူးတွဲလေကြောင်း ကာကွယ်ရေးစနစ်ကို စမ်းသပ်ရာမှာ ကူညီပြီး လေပိုင်နက်ထဲမှာ ကင်းလှည့်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဘဲလာရုစ်နဲ့ ပိုလန် ၂ နိုင်ငံကြား နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်ရေး အကြပ်အတည်း ဖြစ်နေချိန်မှာ ခုလို ကင်းလှည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။