close

စစ်အုပ်စုဆီ ငွေကြေးလွှဲပြောင်းမှုတွေ ဆက်မလုပ်ရေး ဖိအားပေးရန် NUG တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုဆီကို ငွေကြေးလွှဲပြောင်းမှုတွေဆက်မလုပ်ကြဖို့ ပြည်သူလူထုရဲ့ ဖိအားပေးတောင်းဆိုမှုတွေကို တိုက်ရိုက်ပို့သွားဖို့ရှိနေပြီး အားလုံးလက်မှတ်ရေးထိုးပါဝင် ကြဖို့ NUG ဒုဝန်ကြီး ဦးမော်ထွန်းအောင်က တိုက်တွန်းထားပါတယ်။

ဦးမော်ထွန်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုး(NUG)၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒု တိယဝန်ကြီးအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

“လူထုလက်မှတ်တွေက သံသမန်နည်းအရ ဖိအားပေးတဲ့နေရာမှာ တကယ်ထိရောက် လို့ပါ။ (လူတိုင်းလည်း ပါဝင်နိုင်တဲ့ ပလက်ဖောင်းပါ) ဒီတစ်ပတ်အတွင်းမှာ Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ CEO နဲ့ Shareholderတွေဆီကို အကြမ်းဖက်စစ်တပ်ဆီကို ငွေကြေးလွှဲပြောင်းမှုတွေဆက်မလုပ်ဖို့ ပြည်သူလူထုရဲ့ ဖိအားပေးတောင်းဆိုမှုတွေကို တိုက်ရိုက်ပို့ဖို့ရှိပါတယ်ခင်ဗျာ”

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ အကြမ်းဖက်စစ်ကောင်စီဟာ နှစ်စဉ်အမေရိ ကန်ဒေါ်လာ သန်းထောင်ချီရရှိနေပြီး အဓိကဝင်ငွေရလမ်းတခုဖြစ်နေတာမို့ ဒါကို ပိတ်ဆို့ အရေးယူနိုင်ဖို့ ဖိအားပေးသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

လတ်တလော Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီဆီ လက်မှတ်ရေးထိုး ဖိအားပေး တောင်းဆိုသွားမယ့် လှုပ်ရှားမှုမှာတော့ လက်မှတ်''၂သိန်း''လောက်အထိ လိုအပ်နေပြီး လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

လက်မှတ်ထိုးရန်လင့်ခ်-

https://bit.ly/totalpetition

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up