close

စစ်ကောင်စီ တပ်သားအလောင်းတွေ့ရှိသဖြင့် ကိုးကန့်တပ်ဖွဲ့က မြှုပ်နှံပေး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစ  ကိုးကန့် MNDAA တပ်က ရှေ့တန်း စစ်မြေပြင်ကို ရှင်းလင်းရာမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မ ၉၉ က စွန့်ပစ်ထားတဲ့ စစ်သား ၁ ဦးရဲ့ ရုပ်အလောင်း အရိုးစုတွေကို တွေ့ရှိခဲ့ပြီး မြှုပ်နှံပေးခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်အပါအဝင် စာရွက်စာတမ်းအချို့လည်း တွေ့ရပြီး ယူနီဖောင်းကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်မ ၉၉ ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကိုးကန့် MNDAA ဘက်က တုံ့ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဆုံးရှုံးမှုများလာလို့ အင်အား‌ကြီးဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၉၉ စေလွှတ်ခဲ့ပြီး မုံးကိုးမြို့နယ်က MNDAA အခြေစိုက် နေရာတွေကို လက်နက်ကြီး ပစ်ခတ်ရုံသာမက ခြေလျင်တပ်‌တွေနဲ့လည်း အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ပစ်ထားခဲ့တဲ့လက်နက်နဲ့ ကိရိယာ‌ အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း အောက် တိုဘာ ၁၉ ရက်နေ့က ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

လက်နက်နဲ့ အလောင်းတွေကို စွန့်ပစ်တာက အောက်ခြေအဆင့် စစ်ကောင်စီ စစ်သားတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြောင်း အသံတိတ်ဆန္ဒပြမှုကို ထင်ဟပ်စေနေတယ် လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အစိုးရအရာရှိ အများအပြား သာမက စစ်သားနဲ့ ရဲ တွေပါ ထောင်ချီ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မုံးကိုး မြို့နယ်မှာ အခုနှစ် ဇူလိုင်လဆန်းပိုင်းကစ လက်ရှိထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အမည် မဖော်လိုသူ ဒေသခံ ၁ ဦး "မုံးကိုးနဲ့ ဖောင်းဆိုင်ကြားမှာ နေ့တိုင်းလိုလို ကိုးကန့်နဲ့ စစ်တပ် တိုက်ပွဲဖြစ်တယ်။ ကောင်းလုံနဲ့ နမ့်ဟာရွာမှာတော့ စစ်တပ်က ၁ ယောက်မှ မနေခိုင်းတော့ဘူး။ လာနေရင် ရန်သူလို့ သတ်မှတ်တယ်။ ပြောင်းဖူးခြံ သွားကြည့်တဲ့ တရုတ် ၁ ယောက်လည်း အရင်ပတ်က ပစ်သတ်ခံရတယ်။ ဘယ်အဖွဲ့က ပစ်တာတော့ မသိဘူး။ ကျနော်တို့ ကြောက်လို့ ၂ ရွာလုံး မုံးကိုးမြို့ကို ပြောင်းလာပြီ။"လို့ ပြောပါတယ်။

လက်နက်နှင့် အလောင်းများကို စွန့်ပစ်ခြင်းက အောက်ခြေအဆင့် စစ်ကောင်စီ စစ်သားတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြောင်း အသံတိတ်ဆန္ဒပြမှုကို ထင်ဟပ်စေနေတယ် လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အစိုးရအရာရှိ အများအပြား သာမက စစ်သားနဲ့ ရဲ တွေပါ ထောင်ချီ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up