close

မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း

Photo : PKPF

ရှမ်းပြည်တောင်ပိုင်း ရှမ်းကယားနယ်စပ်၊ မိုးဗြဲ PDF ကင်းစခန်းတခုကို နိုဝင်ဘာ ၁၇  ဒီကနေ့ မနက် အစောပိုင်း စစ်ကောင်စီတပ်က  ဝင်ရောက်စီးနင်းခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၂ နာရီခွဲအချိန်လောက်က မိုးဗြဲပြည်သူတွေကို လုံခြုံရေး တာဝန်ယူပေးထားတဲ့ မိုးဗြဲ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လူအင်အား လက်နက်အင်အား မမျှတပေမယ့် ကြံ့ကြံ့ခံ ခုခံရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးနောက် ကင်းစခန်းနေရာကနေ ဆုတ်ခွာခဲ့ရကာ ရဲဘော် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို ၂ ဦးက အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ညတွင်းချင်း ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လူနေရပ်ကွက်အတွင်း ပြည်သူတွေရဲ့ အိုးအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်တုန်းက လွိုင်ကော်ကနေ ဖယ်ခုံမြို့ကို ချီတက်လာတဲ့  စစ်ကောင်စီတပ် ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ကပူးပေါင်းတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မိုးဗြဲအပါအဝင် ဖယ်ခုံမြို့နယ်တွေမှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းချီ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up