close

D-Day ကြေညာပြီးနောက် လူထုသပိတ်တိုက်ပွဲ ၁၅၀၀ ခန့်ဆင်နွှဲဟု NUG ထုတ်ပြန်

ခုခံတွန်းလှန်စစ်ပွဲ D-Day စတင်ကြေညာပြီးနောက် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၁၂ ခုက မြို့နယ်ပေါင်း ၉၇ ခု မှာ လူထုသပိတ်တိုက်ပွဲတွေ ၁၄၇၄ ခုလောက် ဆင်နွှဲခဲ့ကြပြီး ဆက်လက်ပြီးတော့လည်း အရှိန်မြှင့်ဆင်နွှဲနေကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအချက်အလက်တွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ ရက်ပေါင်း ၇၀ ကာလအတွင်း ပြုစုမှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ် တည်ဆောက်ဖို့ ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲနေကြကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေတာမို့ NUG အစိုးရ က အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းခံရမှု ပေါင်း ၁၁ ခုနဲ့ မတရားဖမ်းဆီးခံရမှုအခု ၂၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ကြိုး ပမ်းဆောင်ရွက်နေပြီး ပြည်သူဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေလည်း နေ့စဉ်များပြားလာနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့မှုကို ပြည်သူတ ရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လခွဲကျော် ကြာ မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ စီးပွား ရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ပစ်သတ်ခံရသူအယောက် ၁၂၇၀ နဲ့ ဖမ်းဆီးခံရ သူပေါင်း ၁၀,၂၄၀ နီးပါးရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up