close

အင်္ဂပူမြို့နယ်တွင် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ၁ ဦး ထပ်မံဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးဆက်နိုင်ကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၈ ရက်မှာ မွန်းတည့် ၁၂ နာရီလောက်မှာ  ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“အဖမ်းခံရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘာဖြစ်လို့အဖမ်းခံရတယ်ဆိုတာ သေချာမသိရသေးဘူး”လို့  ဒေသခံတဦးက ပြောပါတယ်။

ဦးဆက်နိုင်ကို စစ်တပ်က  ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို အဆက်သွယ်လည်း  မရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်္ဂပူမြို့မှာ ပြည်သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးလုံး  အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ဦးဆက်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်  ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်တော့မရခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up