“ဖိအားတွေက ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်စေနိုင်တယ်” မန်ယူနည်းပြဆိုးလ်ရှား

ယူနိုက်တက်အသင်းပေါ် ကျရောက်နေတဲ့ ဖိအားတွေက ပျော်ရွှင်စရာဖြစ်သင့်ပြီး ပိုကောင်းဖို့အတွက် ဖြစ်ကြောင်း အသင်းနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
အသင်းရဲ့ခြေစွမ်း ကျဆင်းခဲ့တာကြောင့် ဖိအားတွေရှိနေတာကို နည်းပြဆိုးလ်ရှားက ဝန်ခံခဲ့ပေမယ့် အဲဒီဖိအားတွေက ပျော်ရွှင်စရာဖြစ်သင့်ပြီး ပိုကောင်းဖို့အတွက် တွန်းအားဖြစ်စေတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
“ဖိအားတွေက ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်စေနိုင်တယ်။ ကစားသမားတွေကို အမြင့်ဆုံး ခြေစွမ်းရအောင် လုပ်ဆောင်နိုင်တယ်။ ဝက်ဖို့ဒ်နဲ့ပွဲက ပွဲကြီးပွဲကောင်းပါပဲ။ ပျော်ရွှင်ဖို့ကောင်းမယ့် ပွဲစဉ်တစ်ပွဲဆီကို ဆက်သွားကြရအောင်ပါ။ အသင်းသားတွေအားလုံးကလည်း ပိုကောင်းတဲ့ရလဒ်အတွက် ကြိုးစားနေကြပါတယ်” လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ စနေနေ့ ည ၉ နာရီခွဲ ဝက်ဖို့ဒ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။