မန်ယူအသင်းနှင့် စီရော်နယ်ဒို၏ ခြေစွမ်းအပေါ် မက်ဆီ ထုတ်ဖော် ချီးကျူး

မန်ယူနိုက်တက်အသင်းနဲ့ စီရော်နယ်ဒိုရဲ့ ခြေစွမ်းကို မာကာသတင်းစာနဲ့ အင်တာဗျူးမှာ မက်ဆီ က ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ မက်ဆီကတော့ အသင်းနဲ့ စီရော်နယ်ဒိုကို ချီးကျူးခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့တာပါ။
“ယူနိုက်တက်အသင်းက ထိပ်တန်းကစားသမားတွေနဲ့ အလွန်တောင့်တင်းပါတယ်။ ခရစ္စတီယာနိုကလည်း အသင်းအကြောင်းကို သိပြီးသားပါ။ ရလဒ်သိပ်မကောင်းတာကတော့ တခြား အခြေအနေတစ်ခုဖြစ်ပြီး ခုတော့ခြေစွမ်းကောင်းတွေနဲ့ သူတို့ အသားကျနေပါပြီ။ ခရစ္စတီယာနိုဟာ လည်း ရောက်စကတည်းက ဂိုးတွေသွင်းနိုင်ခဲ့ပြီး အသင်းနဲ့ အံဝင်တဲ့နေရာမှာ ပြဿနာမရှိခဲ့ပါဘူး” လို့ မက်ဆီက ပြောပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်မှာရလဒ် မကောင်းပေမယ့် ဒီဇင်ဘာလအလွန်မှာ ဘာမဆိုဖြစ်နိုင်သေးတယ်လို့ ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ အတူ လာလီဂါမှာ ယှဉ်ပြိုင်ခဲ့ရတာတွေက အလွန်လှပတဲ့ နှစ်ကာလတွေဖြစ်ပြီး ပရိသတ်တွေလည်း ကျေနပ်ခဲ့ကြတယ်လို့ မက်ဆီကပြောပါတယ်။