close

တောင်ကိုရီးယား၌ ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၅၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်

တောင်ကိုရီးယားနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံဦးရေ ၅၁၂၃ ယောက်ထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။

ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေနဲ့ လူနာတွေ့ရှိနှုန်း သိသိသာသာ မြင့်တက်နေတာကို ထိန်းချုပ်ဖို့ နဲ့ အိုမီခရွန် ဗီဇမျိုးကွဲကို တွန်းလှန်ပယ်ရှားဖို့ တိုက်ပွဲဝင်နေရတယ်လို့ ဆိုပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ဝေဒနာရှင် လူနာ ၇၂၃ ယောက်ကို ဆေးရုံတွေမှာ ကုသပေးနေရပြီး ဒါဟာ စံချိန်တင် အရေအတွက်ပါ။

အာဏာပိုင်တွေက အထူးကြပ်မတ်ကုသဆောင်မှာ လူနာကုတင် လောက်ငရေး ကြိုးစားနေကြ ပါတယ်။

နိုဝင်ဘာ အစောပိုင်းက အသည်းအသန်လူနာဦးရေ အယောက် ၄၀၀ အောက်သာ ရှိရာကနေ ရုတ်တရက် ထိုးတက်လာခဲ့တာပါ။

ဆေးရုံတွေနဲ့စောင့်ရှောက်ရေးဌာနတွေမှာ ဝန်ပိတာကို သက်သာလျော့ပါးစေဖို့ အစိုးရဟာ ဒီသီတင်းပတ်ကစပြီး ရောဂါလက္ခဏာ အနုစား လူနာတွေကို အိမ်မှာသာ ကုသခံဖို့နဲ့ ရောဂါလက္ခဏာ ပိုပြီး ဆိုးရွားပြင်းထန်တဲ့ လူနာတွေကိုသာ ဆေးရုံတွေဆီလွှဲဖို့ စတင်ဆောင်ရွက် နေပါတယ်။

ရပ်ကွက်အလိုက် ကုသရေးဌာနတွေကိုလည်း တိုးချဲ့မှာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံက လာတဲ့ သံသယဖြစ်ဖွယ် ကူးစက်ခံ လူနာတွေ တောင်ကိုရီးယားကို ရောက်လာအပြီး အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်မှု တားဆီးဖို့ ပိုတင်းကြပ်တဲ့ ဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ပြည်ထဲရေးနဲ့ ဘေးကင်းရေးဝန်ကြီးက ဒီဇင်ဘာ ၁ ရက် အစောပိုင်းမှာ ဆော်ဩခဲ့ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားဟာ ခုထိ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံ လူနာ ရှိ၊ မရှိ အတည်မပြု သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up