ဘလွန်းဒီအောဆု မက်ဆီခိုးယူသွားကြောင်းရေးထားသည့် ပို့စ်ကို ရော်နယ်ဒို ပြန်လည်မျှဝေ

ဘလွန်းဒီအောဆုကို မက်ဆီခိုးယူသွားတာဖြစ်တယ်လို့ ရေးသားထားတဲ့ အင်စတာဂရမ်ပို့စ်တခုကို မန်ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပြန်လည်မျှဝေခဲ့ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအေကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီက ရရှိခဲ့တာပါ။
ဆုအတွက် မဲပေးမှုမှာ ရော်နယ်ဒိုက အဆင့် ၆ နေရာမှာ သာရပ်တည်ခဲ့ပြီး လီဝန်ဒေါစကီးက ဒုတိယ၊ ယော်ဂင်ညိုက တတိယနေရာတွေမှာရပ်တည်ခဲ့တာပါ။
ရော်နယ်ဒို အမည်နဲ့ ပရိသတ်တစ်ဦး အသုံးပြုနေတဲ့ အကောင့်တစ်ခုကနေ ဘလွန်းဒီအောဆုကို ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးဆီကနေ မက်ဆီကခိုးယူသွားတာဖြစ်ကြောင်း၊ ဆုက ဘယ်သူနဲ့ထိုက်တန်သလဲဆိုတာ အားလုံးသိကြောင်း၊ ဘာတစ်ခုမစွမ်းဆောင်နိုင်ဘဲ ဆုလက်ခံရရှိခဲ့တာက ဂုဏ်သရေမရှိတဲ့ပျော်ရွှင်မှုသာရမှာဖြစ် ကြောင်း မက်ဆီကို ရည်ညွှန်းပြီး အင်စတာဂရမ်မှာရေးခဲ့တာပါ။
အဲဒီစာကို ရော်နယ်ဒိုက ‘အချက်အလက်များ’ လို့ခေါင်းစဉ်တပ်ပြီး Share လုပ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အီတလီရူံးထွက် ဖလား၂လုံးရရှိခဲ့ပြီး အီတလီစီးရီးအေမှာ ဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။