close

စစ်ကောင်စီတပ်က ဖာပွန် ဒေသခံစက်လှေများကို ဖမ်းဆီးထိန်းသိမ်း

Photo - သောင်းရင်းမြစ်တွင်းက စက်လှေပုံဟောင်းများ

ကရင်ပြည်နယ် ဖားပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံစက်လှေတွေကို စစ်ကောင်စီရဲ့တပ်တွေက ဖမ်းဆီးထိန်းသိမ်းပြီး ကျေးရွာသားအချို့ကို ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ဖာပွန်မြိုနယ် မထောကျေးရွာမှာ အခြေချနေတဲ့ စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက မထောကျေးရွာအုပ်စု (နားကူနား) ရွာသားတွေရဲ့ စက်လှေတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အတွက် ဒေသခံတွေ သွားရေးလာရေးအပြင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

မထောကျေးရွာသား စက်လှေမောင်းသူတစ်ဦးက “စက်လှေတွေကိုအကြောင်းမဲ့ ဖမ်းဆီးတယ်။ ရိုးရိုးသားသား ရှာစားနေတာကို ဖမ်းတော့ ဒေသခံတွေ သွားရေးလာရေးနဲ့ စားနပ်ရိက္ခာသယ်ယူတဲ့နေရာမှာ စက်လှေတွေမရှိတော့ ဒုက္ခရောက်ကုန်တာပေါ။ စကစက ကျနော်တို့ ဒေသခံတွေကို အကြောင်းအမျိုးမျိုးနဲ့ သက်သက်မဲ့ ဒုက္ခပေးနေတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီလောာက်ကလည်း စစ်ကောင်စီရဲ့တပ်ဖွဲဝင်တွေဟာ ဖာပွန်မြို့အတွင်း လုံခြုံရေးအကြောင်းပြပြီး မြို့ခံတွေကို မနက်စောစော ချက်ပြုတ်စားသောက်ပြီး ဗုံးခိုကျင်းအတွင်း နေထိုင်ကြဖို့ လှည့်လည်ပြောဆို ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန်လောက်က စစ်ကောင်စီရဲ့လက်အောက်ခံ စကစ ၈၊ ခမရ ၄၀၇ တပ်ဖွဲ့ဝင်တွေက ငါးအိမ်စုကျေးရွာကို စျေးသွားရောက်ဝယ်ယူခဲ့တဲ့ တဒွီးခိုကျေးရွာသား စောထူးထူးကို ဖမ်းဆီးကာ မျက်နှာကိုထိုးကြိတ်ပြီး ညနေ ၄ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ကောင်စီ တပ်နဲ့ BGF တပ်တွေဟာ ကေအန်ယူ ထိန်းချုပ်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူအခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up