အာဂျင်တီးနား တိုက်စစ်မှူးအဂွဲရို ဘောလုံးကစားသမားဘဝမှ အနားယူ

117
အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုဟာ ဘောလုံးကစားတာကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဘာစီလိုနာ တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာအပြင် ကျန်းမာရေးချို့တဲ့တာတွေကြောင့် စောစောစီးစီး အနားယူသွားတာပါ။
သူဟာ မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာတာ ၆ လပဲ ရှိသေးပြီး ဘာစီလိုနာအတွက် ၅ ပွဲသာ ကစားပေးထားရပါတယ်။
တိုက်စစ်မှူး အဂွဲရိုဟာ ကစားသမား သက်တမ်းတလျှောက် ပွဲပေါင်း ၇၈၆ ပွဲ ကစားပေးထားပြီး ၄၂၇ ဂိုး သွင်းယူထားပါတယ်။
သူဟာ မန်စီးတီးမှာ ကစားတဲ့ ၁၀ ရာသီအတွင်း ဂိုးပေါင်း ၂၆၀ နဲ့ ဂိုးသွင်းအများဆုံး စံချိန်တင်ခဲ့ပြီး ဟက်ထရစ်ဂိုး ၁၆ ကြိမ် သွင်းယူခဲ့ပါတယ်။