close

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်း၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုလမ်းမကြီးပေါ် မာလဲတောလမ်းခွဲအနီးမှာ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်က  ရွှေဘိုဘက်ကနေ စစ်ကိုင်းဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရှေ့ထွက်မိုင်း နှစ်လုံးနဲ့ခွဲတာ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံးကားကိုထိပြီး ဘော်ဒီပျက်ပြီး မှန်တွေကွဲကုန်တယ်။ ကားပေါ်ပါတဲ့သူတွေတော့ အသေအပျောက်များနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်ကို မိနစ်အနည်းငယ် ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့အရေအတွက် မသိရတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့အနီးက စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃ စီးပါယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

ယာဉ်တန်းနှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကိုင်းတိုင်းဟာ မြန်မာတပြည်ည်လုံးမှာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသတခုဖြစ်လာနေပြီလို့ Beauty for Chin State ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up