close

ဘရာဇီးတွင် မိုးအဆက်မပြတ်ရွာပြီး မြစ်ရေလျှံမှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဘာဟီယာပြည်နယ်မှာ မိုးအဆက်မပြတ်ရွာလို့ မြစ်ရေလျှံအပြီး အဝေးပြေးလမ်းတွေ ရေလွှမ်းမိုးခဲ့တာကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အရင်အပတ််စပြီး တနိုင်ငံလုံးမှာ မိုးကြီးနေလို့ လမ်းတွေ ရေလျှံ၊ အိမ်တွေ ပျက်စီးပြီး လမ်းမကြီးတွေ ပိတ်ဆို့ခဲ့တာပါ။

လူပေါင်း ၁၅,၀၀၀ ကျော် သူတို့အိမ်တွေကို ယာယီစွန့်ခွာခဲ့ရပြီး လူ ၆,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူ ၂၆၇ ယောက် မိုးကြီးလို့ ဒဏ်ရာရခဲ့ပြီး စည်ပင်ဒေသ ၅၁ ခုမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ သမပိုင်း ဆိုင်ကလုန်းမုန်တိုင်းတရပ် ဖွဲ့စည်းဖြစ်ပေါ်လာလို့ ထူးထူးခြားခြားရာသီချိန် မဟုတ်ဘဲ မုန်တိုင်းတွေ ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up