close

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၃၂ ခု တွင် အိုမီခရွန်ဗီဇမျိုးကွဲသစ် တွေ့ရှိ

အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာ ၁၄ ရက်အထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူဦးရေ စုစုပေါင်းသန်း ၅၀ ကျော်သွားပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်စနစ်များ လေ့လာရေးသိပ္ပံနဲ့ အင်ဂျင်နီယာဌာန (CSSE) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ခံ အတည်ပြုလူနာဦးရေဟာ သန်း ၅,၂၂၆,၀၀၀ ကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ ၈၀၀၂၈၀ ရှိပြီလို့ (CSSE) က ပြောပါတယ်။

အရင်အပတ်က အမေရိကန်နိုင်ငံအတွင်း အသစ်ကူးစက်ခံ လူနာအားလုံးရဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်းဟာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံရတာလို့ ရောဂါထိန်းချုပ်ရေးနဲ့ ဟန့်တားရေးဌာန (CDC) က ထုတ်ပြန်ပါတယ်။

အိုမီခရွန်ဗီဇမျိုးကွဲကို အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၃၂ ခုမှာ တွေ့ရှိထားပြီလို့ CNN သတင်းဌာနက သတင်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up