ကမ္ဘောဒီးယားတွင် အိုမီခရွန်ဗီဇမျိုးကွဲသစ် ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိ

ဂါနာနိုင်ငံကနေ ပြန်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသူတယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ပထမဆုံး ကူးစက်ခံထားရတာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသူ အမျိုးသမီးဟာ ဂါနာကနေ ဒူဘိုင်း၊ ဘန်ကောက်တို့ကတဆင့် ဖနွမ်ပင်ကို ရောက်လာတာလို့ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။
ကူးစက်ခံရတဲ့ အမျိုးသမီးဟာ သီတင်းပတ် ၁၅ ပတ်သား ကိုယ်ဝန်ရှိနေသူဖြစ်ပြီး လက်ရှိမှာ ဆေးရုံတင် ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
အရင်လက တောင်အာဖရိကနဲ့ ဟောင်ကောင်မှာ ပထမဆုံးတွေ့ခဲ့တဲ့ အိုမီခရွန် ဗီဇမျိုးကွဲဟာ နိုင်ငံပေါင်း ၇၀ ကျော်မှာ ကူးစက်ခံထားရပါတယ်။