close

အဂွဲရိုးကို ဘောလုံးသံတမန်ရာထူး ခန့်အပ်ရန် မန်စီးတီးအသင်း ကမ်းလှမ်း

မန်ချက်စတာစီးတီးအသင်းဟာ အသင်းတိုက်စစ်မှူးဟောင်း အဂွဲရိုးကို ကမ္ဘာလုံးဆိုင်ရာဘောလုံး သံတမန်ရာထူးနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

အာဂျင်တီးနား တိုက်စစ်မှူးဟာ မန်စီးတီးမှာ ၁ဝ နှစ်ကြာကစားခဲ့ပြီးနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာပါ။ 

ဘာစီလိုနာမှာ နှလုံးရောဂါ ခံစားခဲ့ရပြီးနောက် ဘောလုံးဆက်မကစားဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့တာကြောင့် အနားယူခဲ့ရတာပါ။ 

အသက် ၃၃ နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူခဲ့ရတဲ့ အဂွဲရိုးကို အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အနေနဲ့ ခန့်အပ်ဖို့ မန်စီးတီးက ကမ်းလှမ်းခဲ့တာပါ။ 

အဂွဲရိုးဟာ အနားယူပြီး နောက်တစ်နေ့မှာပဲ တခြားအလုပ် ၃ ခုလည်း ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ 

ကာတာကမ္ဘာ့ဖလား ကစားရမယ့် အာဂျင်တီးနား လက်ရွေးစင်အသင်းနည်းပြအဖွဲ့မှာ အလုပ်လုပ်ဖို့နဲ့ လူငယ်လက်ရွေးစင်အသင်းတွေမှာ နည်းပြလုပ်ဖို့အတွက် ဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြခဲ့ပါတယ်။ 

နောက်ထပ်အလုပ်တစ်ခုကတော့ ရုပ်သံအစီအစဉ်တင်ဆက်သူအနေနဲ့ ကမ်းလှမ်းခံထားရပြီး အဂွဲရိုးဘက်ကတော့ တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up