close

မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၂ ဦးတွေ့ရှိပြီး ၇ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၂ ဦးနဲ့ ကူးစက်ခံရသူပေါင်း ၅၂၈,၂၅၃ ဦးရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၄၇၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁၅၂ ဦးတွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၃၂ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂၉၂   ဦး ရှိပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် ၇ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၂၂၂၀ ဦး ရှိနေပါတယ်။

နိုင်ငံတဝန်း ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၁၃,၇၄၅,၄၇၇ ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးသူ ၆,၀၅၇,၅၄၇ ဦး၊ စုစုပေါ‌င်း ၁၉,၈၀၃,၀၂၄ ဦးရှိပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။ 

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၉၅ နိုင်ငံ ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up