close

ရေဦးမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်၊ ယင်းမာပင်ကပြည်သူနှစ်ဦး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ရေနက်ရွာနဲ့ ဥယျာဉ်ရွာကြားအနီးမှာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီလောက် စစ်ကောင်စီဘက်က  ဂျက်လေယာဉ် ၄ စီးနဲ့ လေကြောင်းစစ်ဆင်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရေနက်ရွာနဲ့ ဥယျာဉ်ရွာဟာ ရေဦးနဲ့ တန့်ဆည်မြို့နယ်နှစ်ခုကြား ကပ်လျက်ရှိတဲ့ ကျေးရွာ နှစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

“နမခဘက်နေ လေယာဉ်လေးစီးနဲ့ ပစ်ခတ်တာဗျ။ ဘာကြောင့်ပစ်ခတ်တာလဲဆိုတော့ PDF စခန်း ရှိတယ်ထင်လို့ နေမှာပေါ့။ အခုလောလောဆယ်တော့ ဘာတွေ ပျက်စီးထိခိုက်တယ်ဆိုတာကတော့ မပြောနိုင်သေးဘူး” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

တန့်ဆည်-ရေဦးနယ်စပ်တလျှောက် ရဟတ်ယာဉ်နှစ်စီးဟာ ရေဦးမြို့နယ်၊ ပန်းကုန်းရွာမှာ ဆင်းသက်ပြီးနောက် စစ်သားတွေချကာ နယ်မြေရှင်းလင်းဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ခိုအောင်းရာနေရာတွေကို  စစ်ကောင်စီတပ်က လေယာဉ်နဲ့ရော မြေပြင်ကပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေပါ ထိခိုက်မှုရှိ နေပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့ ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူ  ၂ ဦး ​သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းက ​ကျေးရွာအချို့ကို စစ်​ကောင်စီတပ်​​တွေ ဝင်​ရောက်လာတာ​​ကြောင့် ​ဒေသခံပြည်သူ​တွေဟာ ​နေအိမ်​​တွေမှာ မ​နေရဲဘဲ ထွက်​ပြေးတိမ်း​ရှောင်ကြစဥ် စစ်​ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့မှု​ကြောင့် ဒဏ်ရာရရှိခဲ့ကြတာလို့ ​ဒေသ​ခံတွေက ​ပြောပါတယ်။ 

ဒီနေ့မနက်ပိုင်း သံဘို​ကျေးရွာဘက်က​နေ ဘန့်​ဘွေး​ကျေးရွာဘက်ကို လာ​ရောက်တဲ့ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု​ကြောင့် ပန်းတိမ်ပြင်​ကျေးရွာက ​မောင်ချမ်းလင်း​အောင် ရဲ့​ပေါင်မှာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဘန်း​ဘွေး​ကျေးရွာက ဦးချစ်သန်း၊ ဦးချစ်ပို နဲ့ ဦး​ဇော်နိုင်တို့ရဲ့​ နေအိမ် ၃ လုံးကိုလည်း စစ်​ကောင်စီတပ်ဖွဲ့​တွေက ဖျက်ဆီးခဲ့ကြတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ ယင်းမာပင်မြို့နယ်အတွင်းမှာ တပ်ဖြန့်သွားလာလှုပ်ရှား​နေတာ​ကြောင့် ​ဒေသခံပြည်သူ​တွေဟာ ​နေအိမ်​တွေမှာ မ​နေရဲကြဘဲ ထွက်​ပြေးတိမ်း​ရှောင်​ကြတဲ့ပြည်သူ ​သောင်းချီရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်​နေ့ကလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဘန့်​ဘွေး​ကျေးရွာက ဖိုးပြူး(ခ)​မောင်မျိုးမျိုးဦး ရဲ့​ ခြေ​ထောက်မှာလည်း  သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ​စစ်မှု​ထမ်း​ဟောင်းအများစု​နေထိုင်တဲ့ ​အောင်​ဇေယျကွက်သစ်(​ဒေသ​ခေါ် ​ရွှေ​တောင်ဦးကုန်း) မှာရှိတဲ့ စစ်​ဆေး​ရေးဂိတ်ကလည်း မုံရွာ-ယာကြီး-က​လေးဝ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်​ဆေးမှုတွေ ပြုလုပ်​နေပြီး အိမ်​ထောင်စုဇယား(သို့)မှတ်ပုံတင်တွေပါ ယူ​ဆောင်ခိုင်း​သလို စစ်​ဆေးခံပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up