close

ပရီးမီးယားလိဂ် ကစားသမား ၈၄ ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထား

အင်္ဂလန်က ပရီးမီးယားလိဂ်အသင်းတွေက ကစားသမားတွေရဲ့ ၈၄ ရာခိုင်နှုန်းသာ ကိုဗစ် ကာကွယ် ဆေး ထိုးနှံထားပြီးဖြစ်တယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ တစ်ပတ်ကျော် ကာလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ဝ ပွဲအထိ ရွှေ့ဆိုင်းခဲ့ရပြီးနောက်မှာ ကစားသမားတွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေကို ထုတ်ပြန်ခဲ့တာပါ။ 

ဒါကြောင့် ကစားသမားတွေရဲ့ ၁၆ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာပါ။  ကစားသမားတွေနဲ့ အသင်းဝန်ထမ်း စုစုပေါင်းအရေအတွက်မှာတော့ ၉၂ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ 

တခြားဥရောပထိပ်တန်းလိဂ်တွေက ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာခိုင်နှုန်းက ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ၉၄ ရာခိုင်နှုန်း၊ အီတလီစီးရီးအေမှာ ၉၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ ကလပ်အသင်းတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေးကို ရာခိုင်နှုန်းပြည့် ထိုးနှံကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up