close

ကစားသမားများ ကိုဗစ်ထပ်မံကူးခံရလျှင် ပွဲကစားရန် မလွယ်တော့ကြောင်း လီဗာပူး နည်းပြပြော

ကစားသမားတွေ ကိုဗစ်ကူးစက်မှုတွေထပ်ဖြစ်လာခဲ့ပါက ပွဲကစားဖို့ မလွယ်ကူတော့ဘူးလို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ စပါးနဲ့ ၂ ဂိုး စီသရေကျခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦး ရှိခဲ့တာကြောင့် ကစားသမားအင်အား နည်းပါးခဲ့ရပါတယ်။ 

နောက်ခံလူ ဗန်ဒိုက်၊ ကွင်းလယ်လူတွေ ဖြစ်တဲ့ အယ်ကန်တာရာ၊ ဖာဘင်ညိုနဲ့ ကာတစ်ဂျူံးစ် တို့ဟာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ လွဲချော်ခဲ့ပြီး ကွင်းလယ်လူဟန်ဒါဆန်ဟာလည်း အအေးမိရောဂါကြောင့် လွဲချော်ခဲ့ပါတယ်။ 

ကနဦးစစ်ဆေးမှုမှာ ကစားသမားအားလုံး ကိုဗစ်ပိုးမတွေ့ခဲ့ပေမယ့် ပွဲကစားမယ့်နေ့မှာ တွေ့ရှိခဲ့လို့ ပွဲပြင်ဆင်ရာမှာ အခက်အခဲရှိခဲ့တယ်လို့ ကလော့ပ်က ပြောပါတယ်။ 

လာမယ့်ပွဲစဉ်တွေမှာတော့ ကိုဗစ်ပိုးတွေ့ရှိမှုတွေ ထပ်ဖြစ်လာပါက ပွဲကစားဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း နည်းပြကလော့ပ်က ပြောသွားပါတယ်။ 

ပရီးမီးယားလိဂ်မှာ ကလပ်အသင်း ၁၁ သင်းလောက် ကိုဗစ်ကူးစက်မှုတွေကြောင့် အခက်အခဲဖြစ်ခဲ့ရပြီး ပွဲစဉ်တွေရွှေ့ဆိုင်းထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up