ဟောင်ကောင်တက္ကသိုလ်ထဲက ‘Pillar of Shame’ ကျောက်ရုပ်တုကို တရုတ်အာဏာပိုင်များ ဖယ်ရှား

ဟောင်ကောင်တက္ကသိုလ်ဝင်းထဲက ‘Pillar of Shame’ ကျောက်ရုပ်တုကို တရုတ် အာဏာပိုင်တွေက ဒီဇင်ဘာ ၂၂ ရက် ညသန်းခေါင်မှာ ဖယ်ရှားလိုက်တာပါတယ်။
အဲဒီရုပ်တုဟာ ၁၉၈၉ ခုနှစ် တရုတ်ပြည် တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီလိုလားသူတွေ သတ်ဖြတ်ခံရတာကို အောက်မေ့ဘွယ် ထားရှိတာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် မနက်မှာတော့ ကျောင်းသားတွေက စိတ်မကောင်းစွာနဲ့ ရုပ်တုနေရာကို လာကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
ရုပ်တုမှာ ဒေါသထွက်နေတဲ့ လူတွေရဲ့ ခန္ဓာကိုယ်တပိုင်းတွေ ထုလုပ်ထားပါတယ်။
၁၉၉၇ မှာ ဗြိတိသျှတို့ ဟောင်ကောင်ကို တရုတ်လက်ထဲ မလွှဲမီ အများပြည်သူအောက်မေ့ဘွယ် ချန်ထားခဲ့တဲ့ လက်ရာတခုပါ။
လွတ်လပ်မှုသင်္ကေတကို ကိုယ်စားပြုတဲ့ အဲဒီရုပ်တုကို ‘Pillar of Shame’ လို့ လူသိများပါတယ်။ တရုတ်မှာ ဒီမိုကရေစီလိုလားသူတွေ သွေးထွက်သံယို ချေမှုန်းခံခဲ့ရတာကို အထိမ်းအမှတ်တွေ မလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။
ဟောင်ကောင်တက္ကသိုလ်မှ အသက် ၂၂ ရှိ စီးပွားရေးကျောင်းသား ‘ဘီလီကွ’ က ‘တရုတ်အာဏာပိုင်တွေရဲ့ လုပ်ရပ်က အလွန်အောက်တန်းကျပြီး ရှက်ဖို့ကောင်းပါတယ်’ လို့ ပြောပါတယ်။