close

ဘောလ်ကန်ဒေသ ၆ နိုင်ကြား လွတ်လပ်သည့်ကုန်သွယ်မှုအစီအစဉ် မပူးပေါင်းဟု ကိုဆိုဗိုပြော

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့ ဘောလ်ကန်ဒေသခြောက်နိုင်ငံကြား လွတ်လပ်တဲ့ ကုန်သွယ်မှုကို ရည်ရွယ်တဲ့ ‘Open Balkan’ အစီအစဉ်ကို ကိုဆိုဗိုနိုင်ငံအနေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်ဘူးလို့  ထက်မြက်တဲ့ အမျိုးသမီးသမ္မတ ‘ယိုဆာ အိုစမာနီ’ က ပြော လိုက်ပါတယ်။

အနောက်ဘောလ်ကန်ဒေသ ခြောက်နိုင်ငံအနက် ဆားဘီးယား၊ အယ်လ်ဘေးနီးယားနဲ့ မက်ဆီဒိုးနီးယား သုံးနိုင်ငံက‘Open Balkan’ အစီအစဉ်မှာ ပါဝင်နေပြီး ကိုဆိုဗို၊ မွန်တီနီဂရိုးနဲ့ ဘောစနီးယား-ဟာဇီဂိုးဗီနား သုံးနိုင်ငံက အဲဒီအစီအစဉ်မှာ  မပါဝင်ပါဘူး။ 

ဒီဇင်ဘာ ၂၁ ရက်က ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယား သုံးနိုင်ငံက အဲဒီ အစီအစဉ်အောက်မှာ နယ်စပ်ဖြတ်သန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးပါတယ်။

မနေ့က ခရိုအေးရှားသမ္မတ ဇိုရန် မီလာနိုဗစ် ကိုဆိုဗိုကို ရောက်ရှိနေချိန်မှာ သမ္မတအိုစမာနီက ကိုဆိုဗိုရဲ့  ၂၀၀၈ လွတ်လပ်ရေး ကြေညာစာတမ်းကို ဆာဘီးယားနိုင်ငံက အသိအမှတ်ပြုပါမှ Open Balkan အစီအစဉ်မှာ ပါဝင်ဖို့ စဉ်းစားမယ်လို့ ပြောပါတယ်။

အိုစမာနီက ဆာဘီးယားနိုင်ငံရဲ့  ခေတ်မီစစ်လက်နက်တည်ဆောက်မှုတွေဟာ ဘောလ်ကန်ဒေသ တခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး ကောင်းမွန်တဲ့ရည်ရွယ်ချက် မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

ဥရောပသမဂ္ဂနဲ့ ဆက်ဆံနေတဲ့ ကိုဆိုဗိုနဲ့ ခရိုအေးရှား နှစ်နိုင်ငံလုံးက ဆာဘီးယားနဲ့ ခါးသီးတဲ့ ရန်ဘက်တွေ ဖြစ်ခဲ့ပါတယ်။ 

ကိုဆိုဗိုကို ကမ္ဘာ့နိုင်ငံ ၁၁၀ က အသိအမှတ်ပြုထားပေမဲ့ ရုရှား၊ တရုတ်နဲ့ ဆာဘီးယားတို့က နိုင်ငံအဖြစ် အသိအမှတ် မပြုပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up