close

လေးကေ့ကော်အနီး စစ်ဘေးရှောင်စခန်းက ခရစ္စမတ်နေ့ (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က  ဖြစ်ပွားခဲ့တဲ့ ထီးမယ်ဝါးခီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ခရစ္စမတ်နေ့မှာ တိုက်ပွဲတွေ ပြင်းထန်ကာ ကျဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရတွေလည်း ရှိခဲ့တာကြောင့် သွေးစွန်းတဲ့ ခရစ္စမတ်လို့  အများက ခေါ်ဝေါ်ခဲ့ကြပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ သက်ကြီးဘိုးဘွား၊ ကလေးငယ်နဲ့ အမျိုးသမီးတွေ အများဆုံးပါ၀င်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် ကလေးတွေ ကြောက်ရွံ့တုန်လှုပ်မှုတွေကို ခေတ္တမေ့ပျောက်နိုင်ဖို့နဲ့ ခဏတာ ပျော်ရွှင်မှုပေးနိုင်ဖို့ ခရစ္စမတ် အထိမ်းအမှတ်အဖြစ် အရုပ်တွေဝေပေးတာ၊ လက်ဆောင်ပစ္စည်းတွေ မဲဖောက်ပေးတာတွေကို စစ်ဘေးရှောင်စခန်းတစ်ခုမှာ ပြုလုပ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up