close

ဒီပဲယင်းမြို့နယ်တွင် လူငယ် ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ  အသက် ၂၅ ဝန်းကျင် လူငယ် ၄ ယောက်  ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “ကလေးတွေကတော့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေပါ။ ဘာကြောင့် အသတ်ခံရတယ်၊ ဘယ်အဖွဲ့က သတ်တယ်ဆိုတာကို‌တော့ ကျနော်တို့ မသိဘူးဗျ။ မ‌နေ့ညပိုင်းက သတ်တယ်လို့သတင်းကြားတယ်။ ဒီနေ့မနက်ခင်း dead body‌ တွေ့တယ်။ သတ်သွားကြတာတော့ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ခုတ်သတ်တာတွေ လုပ်ထားခဲ့ကြတာ” လို့ ပြောပါတယ်။

အသတ်ခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်ရဲစခန်းကို ဒီဗွီဘီအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက “ဒီလိုဖြစ်တာဟာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုတွေ ရှိနိုင်သလို၊ စစ်တပ် ထောက်ခံတဲ့အဖွဲ့တွေဘက်ကလည်း သတ်နိုင်တယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဘယ်အဖွဲ့ကပဲ သတ်သတ် လူသတ်မှုဟာ လူသတ်မှုပဲဗျ။ အဓိကတော့ဗျာ စစ်တပ်ဘက်က သတ်လည်း ဒီပြည်သူပဲ၊ PDF ဘက်ကလည်း ဒလန်ဆိုပြီး သတ်လည်း ဒီပြည်သူတွေပါပဲဗျာ။ နှစ်ဘက် ကြောက်နေရတဲ့ဘဝတွေ ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ဒီလူငယ် ၄ ယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက  တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up