close

ဝန်းသိုမြို့နယ် နမ်းခမ်းရဲစခန်း မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ နမ်းခမ်းရဲစခန်း  ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားရာမှာ  မီးငြှိမ်းသတ်သူ မရှိတဲ့အတွက်   မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးလောင်နေစဉ် ငြှိမ်းသတ်ဖို့  ရေပုံးတွေနဲ့ ထွက်လာတဲ့ဒေသခံတွေက ရဲစခန်းမီးလောင်နေတာသိရတော့ ရေပုံးတွေ မိမိတို့အိမ်သီးသီးကိုပြန်ဝင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးလောင်နေပြီ မီးလောင်နေပြီနဲ့ အော်သံကြားတော့ ပြည်သူတွေထွက်ကြည့်ကြတယ်။ ဘယ်သူ့အိမ်လဲမသိဘူးဆိုပြီးတော့ ရေပုံးတွေနဲ့ထွက်လာတာ ရဲစခန်းမီးလောင်တာမှန်းသိတော့ အိမ်ထဲ ကိုယ်စီပြန်ဝင်သွားကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ ခံရတဲ့ ရဲစခန်းတွေက ရဲတွေဟာ စခန်းအတွင်းမနေကြတော့ဘဲ စခန်းပြောင်းရွှေ့နေထိုင်လာကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း ထီးချိုင့်နဲ့ ကသာမြို့နယ်က ရဲစခန်းတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

ဒီဇင်ဘာလကတည်းက ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး စတဲ့မြို့တွေမှာ  တပ်ကြပ်ကြီးစာရေးမတွေကို CDM ဝန်ထမ်း ကျောင်းဆရာမတွေအဖြစ် အသွင်ယူပြီး စစ်ကောင်စီရဲ့ သတင်းပေးတာဝန် ထမ်းဆောင်ဖို့ အယောက် ၁၇၀ ကျော် စေလွှတ်ထားတယ်လို့လည်း သိရပါတယ်။

Photo WR team

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up